Monday, 22 September, 2025г.
russian english deutsch french spanish portuguese czech greek georgian chinese japanese korean indonesian turkish thai uzbek

пример: покупка автомобиля в Запорожье

 

တန်နဲ့ချီရွှေထွက်တဲ့ ရွှေမိုင်းမြို့

တန်နဲ့ချီရွှေထွက်တဲ့ ရွှေမိုင်းမြို့У вашего броузера проблема в совместимости с HTML5
မြန်မာနိုင်ငံအလယ်ပိုင်းမှာ ရွှေကိုတန်နဲ့ချီပြီးထုတ်လုပ်နေတဲ့ မြို့ငယ်လေးတစ်မြို့ရှိပါတယ်။ အဲဒါကတော့ ရွှေသတ္ထုကို အဓိကတူးဖော်နေတဲ့ ရွှေမိုင်းမြို့ ဖြစ်ပါတယ်။ ရွှေမိုင်းမြို့ကတော့ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အတွင်းမှာ ရှိတာပါ။ ဒါပေမယ့် လာရောက်လည်ပတ်ဖို့အတွက် လွယ်ကူတဲ့မြို့တော့မဟုက်ပါဘူး။ မြို့ထဲကို ၀င်ရောက်ဖို့အတွက် ရွှေမိုင်းမြို့ပိုင်ရှင်တွေရဲ့ ခွင့်ပြုချက်တွေ လိုအပ်သလို ၀င်ရောက်တဲ့ အခါမှာလည်း မြို့ဝင်မြို့ထွက် တွေမှာ စစ်ဆေးရှာဖွေမှုတွေကို ခံရဦးမှာဖြစ်ပါတယ်။ ရမည်းသင်းမြို့ကနေ ရွှေမိုင်းမြို့ကိုထွက်လာပြီ ဆိုရင်တော့ နာမည်နဲ့ လိုက်အောင်မြင့်မားတဲ့ မိုးထိမိုမိတောင်တက်လမ်းတွေကတော့ သိပ်ပြီးမသာယာလှပါဘူး။ ရွှေမိုင်းမြို့မှာ မိုးထိမိုးမိရွှေတူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီကနိုင်ငံတော် အကျိုးတူပူပေါင်း ပြီး ရွှေတူး ဖော်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။ ဒီမြို့မှာ ကုမ္ပဏီ လုံခြုံရေးဝန်ထမ်းတွေ၊ မူလတန်းကျောင်းတွေ၊ဆေးရုံတွေ ရှိနေပြီး လူဦးရေနှစ်သောင်းနီးပါးနေထိုင်တဲ့ မြို့ငယ်ကလေးဖြစ်ပါတယ်။ မိုထိတောင်၊ မိုမိတောင်၊ နတ်ပြည်တောင်နဲ့ နှာဘူးတောင်တွေက ရွှေအဓိကထွက်ရှိတာဖြစ်ပြီး မိုးထိမိုးမိကုမ္ပဏီက ဧက ခြောက်ထောက်ကျော်၊ ရွှေမိုးယံကုမ္ပဏီက ဧကတစ်သောင်းကျော်နဲ့ရွှေတူးဖော်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။ ကုမ္ပဏီကြီးတွေ ရွှေတူးဖော်နိုင်ဖို့ ၀ါးဖြူတောင်ကျေးရွာအုပ်စုမှာရှိတဲ့ ကျေးရွာသုံးရွာက ဒေသခံတွေကတော့ သူတို့ရဲ့ တောင်ယာတွေပါ အသိမ်းခံလိုက်ရတယ်လို့ဆိုကြပါတယ်။ အိမ်တွေ တည်ဆောက်ထားတဲ့ ကျေးရွာတွေကိုသာ ချန်ထားပြီး ဘေးပတ်ပတ်လည်က ရွှေတူးဖော်ရေးလုပ်ကွက်တွေအဖြစ် ကုမ္ပဏီတွေက သိမ်းလိုက်တာလို့သိရပါတယ်။ အဲဒီရွှေတူးဖော်ရေးကုမ္ပဏီတွေက ဒေသခံတွေ ဖွံ့ဖြိုးရေးအတွက် စာသင်ကျောင်းတစ်လုံး လှူဒါန်းထားပါတယ်။ အခုဆိုရင် ကျေးရွာထဲမှာ လမ်းအတွက် ကျောက်ခင်းချင်တယ် ဆိုရင်တောင် ရွှေမိုင်းမြို့ပိုင်ရှင်တွေရဲ့ ခွင့်ပြုချက် ရရှိမှ လမ်းခင်းကျောက်သယ်လို့ရတဲ့ အနေအထားဖြစ်နေတယ်လို့ ဆိုပါတယ်။ ကုမ္ပဏီတွေရောက်မလာခင်ကတော့ ဒေသခံတွေက ရွှေတူးဖော်ခွင့်ရရှိကြတဲ့အတွက် စီးပွားရေးကောင်းမွန်တဲ့ အနေအထား ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ နေရာအနှံအပြားက လာရောက်ကြတဲ့ ကုမ္ပဏီဝန်ထမ်းနှစ်သောင်းကျော်နေထိုင်ဖို့ တဲအိမ်တွေ ဆောက်လုပ်တာတွေကြောင့် သစ်ဝါးတွေကတော့ ပြုန်းတီးနေတယ်လို့ ဆိုတယ်။ ဒါ့အပြင် ရွှေပြုလုပ်တဲ့ ဖိုတွေက မီးသွေးကို အဓိကထားသုံးတာကြောင့် သစ်ပင်တွေလည်း မီးသွေး ဖုတ်ခြင်းခံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကုမ္ပဏီတွေကရွှေကိုလှိုင်ခေါင်းဖောက်ပြီး တူဖော်နေတာဖြစ်တဲ့ အတွက်ကြောင့် သဘာဝရေထွက်ပေါက်တွေ ပျက်စီးပြီး ဒေသခံကျေးရွာအချို့ ရေရှားပါးမှုနဲ့ ကြုံတွေ့လာပြီးလို့ ဒေသခံတွေကပြောပါတယ်။ အဲဒီထဲကမှ ငါးတဲစုကျေးရွာကိုတော့ မိုးထိမိုးမိ ရွှေတူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီက ကူညီဆောင်ရွက်ပေးမှုတွေ ပြုလုပ်ပေးတယ်လို့ သိရပါတယ်။ မိုးထိမိုးမိ ရွှေတူးဖော် ထုတ်လုပ်ရေး ကုမ္ပဏီ အနေနဲ့ ရွှေမိုင်းမြို့ဒေသမှာ ၂၀၁၁ ခုနှစ်က စတင်ပြီးရွှေတူးဖော်ခွင် ရရှိထားပြီး ၂၀၃၆ ခုနှစ်အထိ လုပ်ကိုင်ခွင့် ရရှိထားတယ်လို့ သိရပါတယ်။ ရုပ်သံသတင်းထောက် - မောင်သင်တုန်း
Теги: 7DayTV

Мой аккаунт