У вашего броузера проблема в совместимости с HTML5
တေးရေး - သိဒ္ဓတ္ထလှိုင် (နောင် သုခမိန်လှိုင်)
တေးဆို - မင်းမင်းလတ်
တေးစု - ဒိုင်ယာရီဟောင်းတမျက်နှာ (၁၉၇၄) (နဝမမြောက်တေးစု)
တေးဂီတ - The King
Lead: ဖရင်ကီ ဘသီ
Bass: ကျော်နိုင်
Drum: တူးတူး
Rhythm: မင်းမင်းလတ်
Original French song melody composed by Belgian singer-songwriter Jacques Brel.
English version, "Seasons in the Sun", lyrics by American Poet Rod McKuen and sung by Canadian singer Terry Jacks (1974).
Audio: Credit to Ko Saw Lwin
Images: Credit to everyone who owned or created the images that I used in this music video.
Disclaimer: I do not own the rights to this song and any materials of the contents of this music video.
Copyright @ Song Writer & Other Rightful Owner(s).
No Copyright Infringement Intended.
This is "Personal & Non-Commercial Use Only".
Thank You For Listening!
NCA
ဒိုင်ယာရီဟောင်းတစ်မျက်နှာ
၁၉၄၈ မြေပြင်ပေါ်မှာ မြက်ခင်းများစိမ်းစိုစွာ
ရေကြည်ငါးလေး မြူးနေရှာ
ငှက်ကလေးများ မိုးပေါ်မှာ
ကျနော် မွေးတဲ့ ဟောဒီ ကမ္ဘာ
ပိတောက်ရိပ်အောက်မှာ ပျော်လို့မဆုံး
ခြုံကွယ်မှာ တူတူပုန်တမ်းကစား လာရာ
ပျော်စရာကောင်းတဲ့ ဟောဒီ ကမ္ဘာ
မာလကာသီးများ သိပ်ချိုတာ
ဖြူစင်ခဲ့တဲ့ ကလေးရွယ်ပါ..။
နီလာလား.. ပတ္တမြားလား.. ဘဝရဲ့အကြောင်းကို ဖြေတွက်ရာ
မြူမှုန်လား.. လှိုင်းဂရက်လား.. အောက်မေ့မိရင် ရင်ခုန်လာ
၁၉၆၄ ကြင်နာသူ ကောင်မလေး တစ်ယောက် ရှိလာရာ
နေချင်စရာ အကောင်းဆုံး ဟောဒီ ကမ္ဘာ
အချိန်ကုန်များလည်း သိပ်မြန်တာ
ရေလိုအေးတဲ့ ချစ်ပြာပြာ
ဒို့နှစ်ယောက်တွေ့ရရင် ပျော်လို့မဆုံး
တိမ်ဝါရောင်စုံ ဖြူနီစိမ်းအောက် အနမ်းတွေဖြာ
မြေပြင်မှာ တို့ရဲ့ အသည်းခြေရာ
ချိုမြိန်လွန်းတဲ့ မေတ္တာကဗျာ ကာရံလေးများ ပုလဲသွယ်ပမာ
နီလာလား.. ပတ္တမြားလား.. ဘဝရဲ့အကြောင်းကို ဖြေတွက်ရာ
မြူမှုန်လား.. လှိုင်းဂရက်လား.. အောက်မေ့မိရင် ရင်ခုန်လာ
၁၉၇၄ အဖေါ်မစုံတစ်ယောက်တည်းပဲ အဆွေးတွေဖြာ
မာယာနွယ် ရည်းစားလေး ဘယ်မှာ
ရင်မှာ လွမ်းမိုးများဆွေရွာ ကြွှေလွင့်သွားတဲ့ အချစ်နွယ်ကဗျာ
ချစ်ရက်များ ပျောက်ကွယ်အိမ်မက်ဆုံး
ဝေဒနာတွေ ရင်မှာ ထုပ်သိမ်းလို့ မရနိုင်ပါ
မြေပေါ်မှာ ကျနော့်ရဲ့ အလွမ်းခြေရာ
ပျော်စရာကောင်းတဲ့ ရက်တွေဟာ ဒိုင်ယာရီဟောင်းထဲ အရိပ်ထင်ကာ
နီလာလား.. ပတ္တမြားလား.. ဘဝရဲ့အကြောင်းကို ဖြေတွက်ရာ
မြူမှုန်လား.. လှိုင်းဂရက်လား.. အောက်မေ့မိရင် ရင်ခုန်လာ